ကံမ နိုဝင်ဘာ ၇

 

ကံမမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ခရိုင် မီးသတ်ဦးစီးမှူးများ၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိသည်။ 

 

ယင်းသို့ ဆောင်ရွက်ရာ ယနေ့တွင် ကံမမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝေယံဖြိုး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့မစျေးမှ တာဝန်ရှိသူများ ပူးပေါင်း၍ မီးဘေးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေးကြီးအတွင်း မီးသတိပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ကောင်းစစ်နိုင်