ကံမ ၈ မေ
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်ရှိ ကျေးရွာအချို့တွင် မေ ၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား သရက်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများအား ယနေ့ မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အင်းဘဲကျေးရွာ၊ ရေလယ်တောင်ကျေးရွာနှင့် ပွတ်စုကျေးရွာတို့မှ လေဘေးသင့် အိမ်ထောင်စု ၁၂ စုအတွက် ထောက်ပံ့ငွေနှင့် အဝတ်အထည်၊ အိမ်သုံးပစ္စည်းများ ပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်းများကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ပြန်/ဆက်)


