ကံမ ၄ မတ် 


မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ၂၀၁၉  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြတ်ကျော် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့သည် မြို့နယ်အတွင်းရှိ  စာစစ်ဌာနများအား မတ် ၃ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ထိုသို့စစ်ဆေးရာတွင် စာစစ်ဌာနများ၌ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့ကြပြီး ကျောင်းသားကျောင်းသူများ စာမေးပွဲ ဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်ချက်များ၊ အားနည်းချက်များ မရှိစေရေး သက်ဆိုင်ရာ စာစစ်ဌာနများမှ တာဝန်ရှိသူ ဆရာ ဆရာမများအား အကြံပြု ဆွေးနွေးပြောကြားခဲ့ကြသည်။


ကံမမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် အ.ထ.က(ကံမ)၊ အ.ထ.က(ရေနံ့သာ)နှင့် အ.ထ.က(ကြို့ပင်) စသည့် စာစစ်ဌာနသုံးခုရှိပြီး ဝင်ရောက်ဖြေဆိုမည့်  ကျောင်းသားပေါင်း (၁၀၉၄) ဦးရှိကြောင်း သိရသည်။


ကျော်ဇေယျဝင်း(ပြန်/ဆက်)