နေပြည်တော် ၁၆ ဇွန်
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၅)မိနစ်၊ (၅၀)စက္ကန့် အချိန်တွင် တောင်ကုတ်မြို့၏ အရှေ့မြောက်ဘက် (၁၀)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
ယခုထုတ်ပြန်သည့် ကနဦးမြေငလျင်သတင်းသည် အလိုအလျောက်တွက်ချက်မှုမှ ရရှိသည့် သတင်းအချက်အလက်များသာ ဖြစ်ပါသည်။ တာဝန်ကျ မြေငလျင်ဝန်ထမ်းများမှ Manual ပြန်လည်တွက်ချက်ပြီး မြေငလျင်သတင်းကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။
Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


