နေပြည်တော် ၃၀ ဧပြီ

 

(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

"ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် (နောက် ၂၄ နာရီအတွင်း) (၁.၅.၂၀၂၀)ရက်ခန့်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ (နောက် ၇၂ နာရီအတွင်း) (၃.၅.၂၀၂၀)ရက်ခန့်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အဆိုပါမုန်တိုင်းငယ်သည် ကနဦးတွင်မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားပြီး၊ နောက် ပိုင်းတွင် မြောက်-အရှေ့မြောက်သို့ကွေ့ကာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။"

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန