ဘားအံ နိုဝင်ဘာ ၁၆

 

ကရင်ပြည်နယ် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဘားအံမြို့ The Grace HOTEL ၌ ကျင်းပသည်။

 

ဦးစွာ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော် က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ဦးစောလင်းဘိုဘိုက ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာ၊   ဘဏ္ဍာရေးရှင်းတမ်းနှင့်    စာရင်းစစ်အစီရင်ခံစာများကို ဖတ်ကြားတင်ပြသည်။

 

ယင်းနောက် ဆန္ဒမဲပေးသည့်စနစ်ဖြင့် အလုပ်အမှုဆောင်များကို ရွေးချယ်တင်မြှောက် အတည်ပြုခဲ့ကြကာ ရွေးချယ်ခံခဲ့ရသော ကရင်ပြည်နယ် အသင်းဥက္ကဋ္ဌက အမှာစကား ပြောကြား၍ CEC များက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)