ဘားအံ  ၃  မေ

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နနန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သော ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ကရင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျှက် ယနေ့ မွန်းတည့်(၁၂)နာရီက ကော့ကရိတ်မြို့နယ်၊ ခနိမ်းဖော်ကျေးရွာအုပ်စု၊ ကော့ပလံကျေးရွာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအတွက် စာရေးကိရိယာနှင့်ဆေးဝါးပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

1

 

လှူဒါန်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လှူဒါန်းထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားပြီး ကော့ပလံကျးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆရာတော် ဦးခေမာစာရထံသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော လှူဖွယ်ပစ္စည်းများ၊ စာရေးကရိယာများနှင့် တိုင်းရင်းဆေးဝါး ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

1

 

အဆိုပါ  ကော့ကရိတ်မြို့နယ်၊ ခနိမ်းဖော်ကျေးရွာအုပ်စု၊   ကော့ပလံကျေးရွာ  ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ရှင်သာမနေ၊ သီလရှင်နှင့် ကျောင်းသား/ကျောင်းသူ အခြေခံပညာသင်ကြားနေသူ ပတ်ဝန်းကျင်ဝေလံသည့် ကျေးရွာများမှ လာရောက်တက်ရောက်သူ ၂၀၁၈ ခုနှစ် ပညာသင်က ကျောင်းသား/ကျောင်းသူ (၅၀ဝ)ကျော်ရှိပြီး အခြေခံပညာကျောင်း ပညာရေးကို တက်ရောက်သင်ကြားစေသည့် အပြင် ယဉ်ကျေးလိမ္မာစာပေများ၊ အားကစားနှင့် ကရင့်ရိုးရာယဉ်ကျေးမှု ဒုံးအကစသည့် ပညာရပ်များကို သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

 

1

 

အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မေလ(၂)ရက်နေ့ ညနေပိုင်းက (မုဒုံမှ       မြဝတီသွား) မုဒုံ-ချောင်းနှစ်ခွ-မဲသရော-လှိုင်ကွယ် (ကော့ကရိတ်)လမ်းအပိုင်း (၂၆.၃၇၆)မိုင်တွင် ကတ္တရာကွန်ကရစ် (၁၈.၅၆၈)မိုင်ခင်းကျင်းပြီးစီးမှု အခြေအနေ၊ ဆက်လက်ကျန်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အဆိုပါ လမ်းပေါ်ရှိ ကွန်ကရစ်တံတားများ ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသောင်းဟန်စိုးက ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင် ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

1