ကရသူရိ ၂၆ ဧပြီ

           

အပူချိန်မြင့်မားသည့်အတွက် နိုင်ငံအတွင်းရှိ နေရာဒေသအသီးသီး၌ ရေပြတ်လပ်သည့် အခက်အခဲများကို ကူညီဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ပေါ်ရှိ ရေခက်ခဲသည့် ရပ်ကွက်များသို့ မီးသတ်ရေသယ်ယာဉ်ဖြင့်      ရေများ လိုက်လံဖြည့်ဆည်းပေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

           

အဆိုပါဆောင်ရွက်ခြင်းကို ကရသူရိမြို့ လက်ထောက်မီးသတ်ဦးစီးမှူး  ဦးအောင်မြတ်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရေရှားပါးသည့် ရပ်ကွက်များတွင် မိဘပြည်သူများ ရေရရှိရေးအတွက် မီးသတ်ရေသယ်ယာဉ်ဖြင့်  ရေဂါလံ ၁၂၀ဝကို အိမ်အရောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN