ဗီယင်ကျန်း   သြဂုတ်   ၆

လာအိုနိုင်ငံသည်   အထူးသဖြင့် ထိခိုက်လွယ်သော အုပ်စုများကြားတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေးမှုများကို မြှင့်တင်ခဲ့သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့်  တရားဝင်အလုပ် အကိုင်ရရှိစေရန်   ရည်ရွယ်၍ လာအိုနိုင်ငံ   အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနသည် ကမ္ဘာ့ လူကုန်ကူးမှု  တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုကို သြဂုတ်  ၅  ရက်တွင် ပြုလုပ်ခဲ့သည်။

လူကုန်ကူးမှုအန္တရာယ်၊ လူ့အခွင့်အရေးကို ချိုးဖောက်သည့် ကြီးလေးသော     ရာဇဝတ်မှုအန္တရာယ်၊   ကျူးလွန်ခံရသူများအပေါ်  ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေနိုင်သည့်  အန္တရာယ် များနှင့်ပတ်သက်၍    ပြည်သူများကို အသိပညာပေးရန် ရည်ရွယ်၍  အဆိုပါလှုပ်ရှားမှုကို      ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လူကုန်ကူးမှုသည် နစ်နာသူမိသားစုများသာမက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် လုံခြုံရေးတို့ကိုလည်း ထိခိုက်ပျက်ပြားစေသည်။

လူကုန်ကူးမှုပပျောက်ရေးအတွက် ပြည်သူများအကြား အသိပညာပေးခြင်းနှင့်  နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို လာအိုနိုင်ငံ၌  နှစ်စဉ်   ဇူလိုင် ၃၀ ရက်တွင် ကျင်းပလေ့ရှိသည်။

ဆင်ဟွာ