Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန၏ Senior Minister တို့တွေ့ဆုံ
25/03/19
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန၏ Senior Minister ဖြစ်သူ Mr. Edwin Tong တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး၌ တွေ့ဆုံကြ သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
25/03/19
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့် အဖွဲ့အား ယနေ့ ညနေ ၄ နာရီခွဲက နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့တွေ့ဆုံ
25/03/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener တို့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံကြသည်။
သာကေတမြို့နယ်၊ အာဒိကာရုံအနောက်တိုက် သာသနာ့ဝုဎိကာရီ မဟာသိမ်တော်ကြီး ရေစက်သွန်းချ မဟာသဘင် အခမ်းအနားကျင်းပ
25/03/19
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အာဒိကာရုံအနောက်တိုက် သာသနာ့ ဝုဎိကာရီ မဟာသိမ်တော်ကြီးမုခ်ဦးဖွင့်ပွဲ၊ မော်ကွန်းကျောက်စာတိုက်ဖွင့်ပွဲနှင့် သိမ်တော် ကြီး ရေစက်သွန်းချ မဟာသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ သိမ်တော်ကြီးတွင် ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်သည်။
ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်များမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
25/03/19
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ မတ် ၁၈ ရက်မှ ၂၁ ရက်တွင် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ
ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း တရုတ်ကိုရှုံးနိမ့်
25/03/19
ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့အဖြစ် မြန်မာအသင်းနှင့် တရုတ်အသင်းသည် ယနေ့ညနေ ပိုင်းက ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ တရုတ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီကို စားသုံးသူကာကွယ်ရေး ကော်မရှင်အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းမည်
25/03/19
စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီကို စားသုံးသူကာကွယ်ရေး ကော်မရှင်အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် စားသုံး သူအကာအကွယ်ပေးရေးကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲအဖြစ် မြန်မာနှင့် ဂျပန်အသင်း ကစားမည်
25/03/19
မြန်မာအသင်းသည် ဂျပန်အသင်းကို သရေကစားနိုင်ပါက ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက်ရှိသွားမည်ဖြစ်ပြီး ရှုံးနိမ့်ပါကလည်း ဂိုးပြတ်မရှုံးပါက အကောင်းဆုံးအုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်ရှိနေသည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ………………..
ကယားပြည်နယ်တွင် ကျင်းပမည့် (၆၁) ကြိမ်မြောက် စုပေါင်းကေ့ထျိုးဘိုး (ခ) ဂန်းခွမ့်တံခွန်တိုင်ပွဲတော် သို့ သွားရောက်လေ့လာ လည်ပတ်နိုင်
25/03/19
ကယားပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော (၆၁)ကြိမ်မြောက် စုပေါင်းကေ့ထျိုးဘိုး(ခ)ဂန်းခွမ့်တံခွန်တိုင်ပွဲ တော်ကို ဧပြီ ၅ ရက်မှ ၉ ရက်အထိ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ဒေါခလိုက်လင်းကျေးရွာတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
(၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်
25/03/19
၂၀၁၉ ခုနှစ် (၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မတ် ၂၇ ရက်တွင် နေပြည်တော် စစ်ရေးပြကွင်းကြီး၌ ကျင်းပမည်ဖြစ်ရာ အခမ်းအနားကျင်းပ ပုံများကို