Latest News
နောက်ဆုံးရသတင်းများ
နမ့်ခမ်းနှင့် နန်းယွန်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများအားဖျက်ဆီး
13/03/19
နေပြည်တော် ၁၃ မတ်
ဂန့်ဂေါခရိုင်၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာ တောင်ဘက် ၁၅ မိုင်ခန့်အကွာ၌ ဘိန်းစိုက်ခင်း (၅)ဧကခန့်အား နန်းယွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲအုပ် ရဲလင်းထက် ဦးစီးသည့်ပူးပေါင်း အဖွဲ့က မတ် ၁၁ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်းသိရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
13/03/19
နေပြည်တော် ၁၃ မတ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်လျက်ရှိ
13/03/19
ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် လမ်းပန်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန်စေရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ လမ်းအထူး(၁၀)မှ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ခေတ်မီစက်ယန္တရားကြီးများကို အသုံးပြုလျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး တွေ့ဆုံ
13/03/19
နေပြည်တော် ၁၃ မတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tim Enderlin တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံကြသည်။
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲခြင်း အစည်းအဝေး ကျင်းပ
13/03/19
ကျောက်မဲ ၁၃ မတ်
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲခြင်းဆိုင်ရာ ကော်မတီအစည်းအဝေးကို မတ်လ(၁၃) ရက် နံနက်(၁၀) နာရီ အချိန်က ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ 2019 အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်
13/03/19
မန္တလေး ၁၃ မတ်
Mandalay Community Center အပါအဝင် မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ ၂၀၁၉ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ချမ်းအေးသာစံမြို့နယ်ရှိ Hotel Sakura Princess ၌ ကျင်းပသည်။
Public Expenditure and Financial Accountability (PEFA) Assessment Launch အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက်
13/03/19
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် Public Expenditure and Financial Accountability (PEFA) Assessment Launch အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှု
13/03/19
လယ်ဝေး ၁၃ မတ်
နေပြည်တော် ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့် ကောင်စီဝင်များသည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအား သွား ရောက်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကိုရီးယားနိုင်ငံ Institute of Justice မှ Deputy President Mrs. Lee Young Joo နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
13/03/19
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကိုရီးယားနိုင်ငံ Institute of Justice မှ Deputy President Mrs. Lee Young Joo နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ
ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်
13/03/19
နေပြည်တော် ၁၃ မတ်
၂၀၁၉ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ ညနေ(၄းဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။