ပန်းတောင်း ၂၃ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့တွင် ဧပြီ ၁၈ ရက်နေ့ ညနေက လေပြင်းတိုက်မှုကြောင့် ပျက်စီးခဲ့သော ရပ်ကွက် ၂ ခု၊ ကျေးရွာ အုပ်စု ၆ စုမှ နေအိမ်အဆောက်အဦများအတွက် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်က ပန်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်ဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လေဘေးသင့် အိမ်ထောင်စုများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြသည်။ ယင်းနောက် လေဘေးသင့် ပြိုလဲနေအိမ် ၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်တစ်သိန်း၊ လူဦးရေ ၆ ဦးအတွက် ဆန်ရိက္ခာဖိုး ၇ ရက်စာ ထောက်ပံ့ငွေကျပ် ၁၂၆၀ဝ၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပလပ်စတစ်ပုံး ၁ ပုံး၊ အမိုးလန်နေအိမ် ၃၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ် ၈၉၆၃၅၀၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀ဝ၈၉၅ဝိ/) ကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)


