လေးမျက်နှာ ၂၅ ဧပြီ

 

ဧရာဝတီတိုင်ဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပထမအကြိမ်ရက်(၁၀ဝ)စီမံကိန်းဖြင့် ပြုလုပ်သော မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက်က လေးမျက်နှာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာ ပြည်သူလူထုတွေ အစဉ်အဆက် နေထိုင်လာသည့် အိုးအိမ်များ၊ မြေခြံဝန်းများကို ပိုင်ဆိုင်မှုအထောက်အထား ခိုင်ခိုင်မာမာရနိုင်ရန်  ပြည်သူများအနေဖြင့် နှစ်ရှည်ပိုင်ဆိုင်နိုင်ရန် စိတ်အေး ချမ်းသာစွာ စီမံခန့်ခွဲနိုင်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ယခုလို မြေငှားဂရန်များကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးလှဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက မြေငှားဂရန်များပေးအပ်ရာ အမှတ်(၃)ရပ်ကွက်ရှိ မြေငှားဂရန် လျှောက်ထားသူ(၈၆)ဦးက လက်ခံရယူကြပြီး မြေငှားဂရန်ရရှိသူများကိုယ်စား ဦးကြူဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ ဟင်္သတခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးအာင်၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဥက္ကဋ္ဌ ဦးလှဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ ဌာနဆိုင်ရာအကြီးအကဲများ မြို့ပေါ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ အမှတ် (၃) ရပ်ကွက်မှ မြေဂရန်လျှောက်ထားသူ (၈၆)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ရွှေမိုး(ပြန်ဆက်)