၁၅ မေ
ယနေ့နံနက် မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်
"ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းငယ် (Depression)အဆင့်သို့ လည်းကောင်း၊ (၁၆.၅.၂၀၂၀) ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့လည်းကောင်း ရောက်ရှိနိုင်ပါသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက်၊ ကနဦးတွင် အနောက်မြောက်
ဘက်သို့ ရွေ့လျားပြီး၊ (၁၇.၅.၂၀၂၀) ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရသည်။"


