လေယာဉ်ပြဿနာကြောင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး သုံးနိုင်ငံခရီးစဉ်ဖျက်သိမ်း

ဘာလင် ဩဂုတ် ၁၅

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲလ်ဘတ် သည် ဩဂုတ် ၁၅ ရက်က ၎င်း၏ဩစတြေးလျ၊ နယူးဇီလန်နှင့် ဖီဂျီနိုင်ငံတို့သို့ သွားရောက်မည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းလိုက်သည်။ မိမိတို့အရာရာကြိုးစားခဲ့ကြောင်း၊ သို့သော်

လည်း ကံမကောင်းစွာနှင့်ပဲ အခြေအနေအကြောင်း ကြောင်းတွေကြောင့် ခရီးစဉ်ဆက်လက်ထွက်ခွာရန် မည်သို့မျှ မဖြစ်နိုင်ခဲ့ကြောင်း အွန်လိုင်းပလက် ဖောင်းတစ်ခုဖြစ်သည့် X တွင် ဘဲလ်ဘတ်က ပြော ကြားခဲ့သည်။ ယခုကိစ္စက ပိုပြီးစိတ်ကသိကအောက် ဖြစ်ရကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ သည်။

ဘဲလ်ဘတ်သည် ဩစတြေးလျနိုင်ငံသို့ လေကြောင်းခရီးသွားရာတွင် ဩဂုတ်၁၄ရက်က အဘူဒါဘီ လေဆိပ်၌ ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။

လေယာဉ်၏စက်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် သြစတြေးလျသို့ ဆက်လက်ထွက်ခွာမည့် အစီအစဉ် ပျက်ခဲ့ပြီး ဝန်ကြီးများ လိုက်ပါသွားသော အဲယားဘတ်စ် A340-300 လေယာဉ်သည်လည်း အဘူဒါဘီသို့ ပြန်လည်ဆင်းသက်ခဲ့ရသည်။

လာမည့် သီတင်းပတ်များတွင် ပျက်နေသော A340 အမျိုးအစား လေယာဉ်နှစ်စင်းကို ပြန်လည် ယူဆောင်သွား တော့မည်ဖြစ်ကြောင်း ဂျာမနီလေတပ်က လူမှု မီဒီယာကွန်ရက်တစ်ခုဖြစ်သော X တွင် ပြောကြားခဲ့သည်။

အစိုးရလေယာဉ်များနှင့်ပတ်သက်ပြီး ယခုလို ဖြစ်ရပ်သည် နောက်ဆုံးဖြစ်ရပ် တစ်ခုဖြစ်သည်။ လွန်ခဲ့သော မေလက ဘဲလ်ဘတ်၏ ကာတာအပြန် ခရီးစဉ်သည်လည်း နှောင့်နှေးကြန့်ကြာခဲ့ဖူးသည်။

ဆင်ဟွာ