လွိုင်ကော်  ၈  မေ  


ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ စားသောက်ကုန်ထုတ်လုပ်သည့် မုန့်ဖိုများ၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချနိုင်ရေးအတွက် ကွင်းဆင်းအသိပညာပေးခြင်းကို မေ ၇ ရက်က နွားလဝိုးကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန်များအား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် စားသုံးသူဘေးကင်းလုံခြုံရေးအတွက် စားသောက်ကုန်များ၏ ထုပ်ပိုးမှုတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား မှတ်ချက်များနှင့် ကိုက်ညီအောင် ထုတ်လုပ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

1


ထို့နောက် စားသုံးသူပြည်သူများသို့ အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူအခွင့်အရေး အပြည့်အဝ သိရှိနားလည်စေရန် စားသုံးသူ အခွင့်အရေးများနှင့် စားသုံးသူတို့ လိုက်နာရမည့်တာဝန်များ၊ မိမိတို့ နေ့စဉ်ဝယ်ယူသော ကုန်ပစ္စည်းများကို မှန်ကန်စွာ ရွေးချယ်ဝယ်ယူတက်စေရန် သတိပြုရမည့် အချက်များ၊ ကုန်ပစ္စည်း(သို့) ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 


လွိုင်ကော်သား

 

1