လွိုင်ကော် ဇူလိုင် ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့တွင် ယမန်နေ့က လွိုင်ကော်မြို့တွင် အကြမ်းဖက်ဖြစ်စဉ် များကြောင့် ယာယီနေရပ်စွန့်ခွာနေထိုင်လျက်ရှိသည့် ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အခြေခံစားသောက်ကုန်များပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
အဆိုပါ ပေးအပ်ပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အမှာစကား ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲ ခြောက်များကို ပေးအပ်ကြ၍ တက်ရောက် လာသူများက လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန် အချက်များအား တင်ပြကြရာ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့်အခြေအနေကို ပြန်လည် ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်းသို့ သွားရောက်ပြီး ဆွမ်းဆန်တော်နှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။ ထို့နောက် ဒေါနိုးကူးရပ်ကွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပသည့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲ တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ယခုသင်တန်းကျောင်းအား အထူးသဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စေတနာကို နားလည်ပြီး ကျေးဇူးသစ္စာစောင့်သိရိုသေကာ အလုပ်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားကာ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ် သာများ၊ စာကြည့်တိုက်နှင့် ရိက္ခာသိုလှောင်ရုံများကိုလည်းကောင်း၊ နေ့စဉ် အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်ရေး စီမံဆောင်ရွက်ထားသည့် ဥစားကြက်မွေးမြူရေးခြံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြပြီး အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့သည့် ထေးသမရပ်ကွက်ရှိ ရိုးရာတံခွန်တိုင်ခန်းမကြီးအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကေ့ထိုးဘိုးဂေါပက အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ခန်းမကြီးနှင့် အခြားခန်းမဆောင်များ ပြန်လည်ပြုပြင်ရမည့် အခြေအနေနှင့် တံခွန်တိုင်ကွင်းအတွင်း ရိုးရာပွဲတော်များ ပြန်လည်ကျင်းပ နိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေတို့ကို မှာကြားပြီး တာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည် ကယားပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ ခုတင် ၅၀၀ ခုတင် ၅၀၀ ဆံ့ ပြည်နယ် ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြားပြီး ဆေးရုံကြီး ဆေးပဒေသာပင် ရန်ပုံငွေနှင့် ဝန်ထမ်း များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကြကာ ဆေးရုံ၌ တက်ရောက် ဆေးကုသနေသည့် လူနာများအား လှည့်လည်ကြည့်ရှု အားပေး၍ အာဟာရ ၍ အာဟာရ ဖြည့်စွက်စာများ ပေးအပ်သည်။
ဆက်လက်၍ လွိုင်ကော်မြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း နွယ်သာကီခန်းမ၌ ဆရာ ဆရာမများ၊ စိုက်ပျိုးမွေးမြူရေးကျောင်း (ချိကယ်)မှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာ များပေးအပ်၍ စာသင်ဆောင်များ ပြုပြင်ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ စာသင်ကြားနေမှုတို့ကို ပျော်ရွှင်စွာစာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ခန်းမ၌ လွိုင်ကော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများသို့ ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားပြီး ခရစ်ယာန်ဘုရား ကျောင်းများအတွက် ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်သည် နွားလဝိုး ကျေးရွာအုပ်စု နွားလဝိုးရွာမကျေးရွာ၌ ပြုလုပ်သည့် မိုးစပါးယူရီးယားဓာတ်မြေ ဩဇာ ဩဇာ စုပေါင်းကြဲပက်ခြင်းနှင့် သက်သာ သောနှုန်းဖြင့် ရောင်းချပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ ဒေသခံ တောင်သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး နွားလဝိုးရွာမနှင့် ထီရိကျေးရွာတို့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများကို ပေးအပ်သည်။
ယင်းနောက် နွားလဝိုးရွာမ ကွင်းအမှတ် (၁၂၆)၊ တောင်သူ ဦးစိုးရွှေ၏ မိုးစပါးစံပြစိုက်ခင်းအတွင်း ယူရီးယား ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးနှင့် အသီး၊ အရွက်၊ အပင်သန်ဆေးများ စနစ်တကျ သုံးစွဲနိုင်ရန် သရုပ်ပြရှင်းလင်းခြင်းကို ကြည့်ရှုအားပေးသည်။ ဓာတ်မြေဩဇာများ စုပေါင်းကြဲပက် နေမှုနှင့် တောင်သူများအား ပိုးသတ်ဆေး၊ သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ ဆက်လက်၍ အကြမ်းဖက်သည့် (၃၃/၁၁) ကေဗွီ ၅ အမ်ဗွီအေ ကယန်း သာယာဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံ မြို့ပြပိုင်းနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပြုပြင်တည်ဆောက်နေသည့် အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကယန်းသာယာဓာတ်အား ခွဲရုံပြုပြင်ပြီးစီးပါက လွိုင်ကော်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများ၊ လွိုင်လင် လေးမြို့၊ လွိုင်ကော်စက်မှုဇုန်နှင့် လွိုင်ကော် - မိုးဗြဲလမ်းပိုင်းရှိ ထီရိ၊ ကုန်းသာ၊ ဆောင်ကန်း၊ ဝါရီကောခူ၊ ပီကင်းကောခူကျေးရွာများနှင့် ထိုမှတစ်ဆင့် မိုးဗြဲသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


