လိုင်လင်းပီ ၄ မတ်
ချင်းပြည်နယ် မင်းတပ်ခရိုင် လိုင်လင်းပီမြို့၌ (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီက လိုင်လင်းပီမြို့ အမှတ်(၁)ရပ်ကွက် အုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
ယင်းထောက်ပံ့ငွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး လိုင်လင်းပီမြို့မှ ထောက်ပံ့ငွေရရှိသူ (၁၆၂)ဦးရှိသည်။
ယခုထောက်ပံ့ငွေမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ (၂)လစာအတွက် တစ်လလျှင် တစ်သောင်းခွဲကျပ်နှုန်းဖြင့် စုစုပေါင်းကျပ် (၃၀ဝ၀ဝ)စီ ပေးအပ်ကြကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


