လှိုင် နိုဝင်ဘာ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကွန်စတန်က  “နည်းစနစ်မှန်သွားတိုက်ခြင်း ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီး သာကေတမြို့နယ်သွားနှင့်ခံတွင်းအထူးကုဆေးရုံမှ သွားနှင့်ခံတွင်း လက်ထောက်ဆရာဝန်များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အမက(၂)နှင့် အမက (၇)တို့မှ ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ (After Lunch Tooth Brushing Activity) အားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)