ဝါရှင်တန် ဩဂုတ် ၉

 

၁၉၇၀ ပြည့်နှစ် လကမ္ဘာသို့သွားရောက်သည့် Apollo 13 ခရီးစဉ်တွင် လိုက်ပါခဲ့သော အာကာသ ယာဉ်မှူး ဂျိမ်းစ်လိုဗီလ် အသက် ၉၇ နှစ်တွင် ကွယ်လွန်ခဲ့ကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာက ယမန်နေ့တွင် ပြောကြားသည်။

 

အိုဟိုင်းယိုးပြည်နယ်ဖွား အာကာသယာဉ်မှူး ဂျိမ်းစ်လိုဗီလ်သည် ၁၉၆၈ ခုနှစ်တွင် လကမ္ဘာသို့ ပထမဆုံး အခြေချနိုင်ခဲ့သည့် လူသား ခရီးစဉ် Apollo 8 မစ်ရှင်းတွင် ပါဝင်ခဲ့သည်။

 

Apollo 8 သည် လကမ္ဘာပတ်လမ်းကြောင်းသို့ရောက်ရှိခဲ့သည့် ပထမဆုံးသော အာကာသယာဉ် ဖြစ်သည်။

 

လကမ္ဘာသို့သွားရောက်သည့် Apollo 13 ခရီးစဉ်တွင် လျှပ်စစ်စနစ်ချို့ယွင်းမှုကြောင့် အာကာသ ယာဉ်ပေါ်ရှိ အောက်ဆီဂျင်တိုင်ကီ ပေါက်ကွဲသွားသည့်အချိန်တွင် အာကာသယာဉ်မှူးများ ဘေးကင်းရေးအတွက် ဂျိမ်းစ်လိုဗီလ်က ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း သိရသည်။

 

အာကာသယာဉ်သည် လျှပ်စစ်ထောက်ပံ့မှု ရပ်တန့်သွားသည့်အချိန်တွင် ဂျိမ်းစ်လိုဗီလ်က ရေနှင့်စွမ်းအင်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ၎င်း၏အဖွဲ့အား လကမ္ဘာစူးစမ်း လေ့လာရေး ယာဉ်ပေါ်သို့ ပြောင်းရွှေ့ကာ ကမ္ဘာမြေသို့ ဘေးကင်းစွာပြန်လာနိုင်ရန် ကြိုးပမ်းခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ၁၉၉၅ ခုနှစ်ကရိုက်ကူးခဲ့သည့် “Apollo 13” ရုပ်ရှင်ကားတွင် မင်းသား တွမ်ဟန့်က ဂျိမ်းစ်လိုဗီလ် နေရာတွင် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်