လက်ပံတန်း နိုဝင်ဘာ ၇

 

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်ဇော်ဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  ကွင်းဆင်းဆောင်ရွက်သည်။

 

အသိပညာပေး ဆွေနွေး

 

ထိုသို့ ဆောင်ရွက်ရာတွင် ဒေါက်တာ တင်ဇော်ဝင်းနှင့် အဖွဲ့သည် မအူကုန်းရပ်ကွက် နယ်မြေ (၁၅)အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင် ၂၀ အား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် အထက(၁)၌ ကျောင်းသား ကျောင်းသူ ၉၅ ဦး အား ကျန်းမာရေး အသိပညာပေး ဆွေးနွေးပြီး  ကျောင်းကျန်းမာရေး စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)