လန်ဒန်   ဇူလိုင်  ၁၄

ဇူလိုင်  ၁၃  ရက်တွင်  လန်ဒန်ဆောက်သမ်လေဆိပ်၌    လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီး     လေးဦး သေဆုံးခဲ့ကြောင်း ဒေသမီဒီယာများတွင် ဖော်ပြသည်။ ရဲတပ်ဖွဲ့က သေဆုံးသူများကို    မည်သူမည်ဝါ ဖြစ်ကြောင်း  အတည်မပြုနိုင်သေးပေ။

၁၂   မီတာရှည်သည့်  အဆိုပါ လေယာဉ်သည်  ဘီးချ်ဘီ  ၂၀၀ စူပါကင်းအဲယား အမျိုးအစား လေယာဉ်ဖြစ်ပြီး ဒတ်ချ်လေကြောင်းထိန်းသိမ်းရေးကုမ္ပဏီဖြစ်သည့်   Zeusch   ကုမ္ပဏီတွင်   တပ်ဆင်ထုတ်လုပ်ကြောင်း သိရသည်။

လေယာဉ်သည်    နယ်သာလန်နိုင်ငံ  လီလေစတတ်  လေဆိပ်သို့ ပျံသန်းစဉ် ဆုဇ်  ၁   လေကြောင်း လိုင်း လေယာဉ်တစ်စင်းနှင့် တိုက်မိပြီး ပျက်ကျခဲ့ခြင်းဖြစ်သည်။

ပြင်းထန်သောမတော်တဆမှုကြောင့်  ဆောက်သမ်လေဆိပ်ကို ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။                           

ဆင်ဟွာ