လင်းခေး နိုဝင်ဘာ ၁၂

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နယ် သစ်တောဦးစီး ဌာနကကြီးမှူး၍ သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက လင်းခေး မြို့နယ် နားကုန်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လင်းခေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးကျော်မျိုးနိုင်က မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောပြီး မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးစိုင်း ညီညီထွန်းက သစ်တောထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုတွင် သစ်တောသစ်ပင်များ၏ အရေးပါပုံများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးရဲလင်းထွေးက တောမီးနှင့် ပတ်သက်သည်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

စိုင်းဇော်လတ်(လင်းခေး)