လှည်းကူး  ၃၀   ဧပြီ


ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် တောင်ထပ်ကျေးရွာအနီးရှိ ဦးစိုးမြင့်ပိုင် ရော်ဘာစိုက်ပျိုးရေးခြံ ၅၁၀ ဒသမ ၇၈ ဧကအတွင်း၌ ဧပြီ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက အပူရှိန်မြင့်မားမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

1


မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များနှင့် တပ်ဖွဲ့ဝင်များ၊ ထောက်ကြန့် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၇ နာရီ ၄၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။       


မီးလောင်မှုကြောင့် စိုက်ပျိုးဧက ၁၀ဝ ကျော်ခန့်အတွင်းရှိ ရော်ဘာပင်များနှင့် ဝါးရုံများ မီးလောင်ကျွမ်းခဲ့ပြီး လူ၊ တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။      

နိုင်လင်း(လှည်းကူး)