ကံမ ၂၃ မတ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် မတ် ၂၃ ရက် နေ့က လျှပ်စစ်ဓာတ်အားဖြန်ဖြူးရေးလုပ်ငန်းမှ မြို့နယ်မန်နေဂျာ ဦးထွန်းလွင်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဓာတ်အားလိုင်းအားပိတ်၍ လိုင်းကြိုးများနှင့် မလွက်သော သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း (ကံမ)


