လပွတ္တာ နိုဝင်ဘာ ၆

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးစိမ်းကိုကိုနှင့် တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံမှုရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းများနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

 

လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် စာသင်ကျောင်းများရှိ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိသည့် အရေးပေါ်မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် အသုံးပြု၍မရသော လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ အသစ်လဲလှယ်ထားရှိရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် မီးလောင်မှုဖြစ်ပွားလာပါက အ‌ရေးပေါ်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများအကြောင်း ရှင်းလင်းဟောပြောပြီး ကျောင်းသား ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)