ရန်ကုန် နိုဝင်ဘာ ၁၆

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လသာမြို့နယ်တွင် မြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗိုလ်ရွဲလမ်းရှိ အလက(၁) စာသင် ကျောင်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြို့နယ် သမဝါယမအသင်းစု လီမိတက် ဥက္ကဋ္ဌ ဦးအောင်လှက အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်းများအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနမှ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ လသာမြို့နယ် သမဝါယမ အသင်းစုလီမိတက်၏ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများကို အုပ်ချုပ်မှု ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးက ဖတ်ကြားတင်ပြပြီး အသင်းဝင် အသင်းများ၏ အစုပေါ်အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်းနှင့် အလက(၁)ကျောင်းကို ဗလာစာအုပ်များ  ပေးအပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။ 

 

နေလင်း(ပြန်/ဆက်)