နေပြည်တော် ၁၉  မတ်

မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များလိုက်ပါ လာသည့် ယာဉ်တန်းနှင့် မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတို့အား ယမန်နေ့ညက မြို့နေပြည်သူလူထု၏ နေအိမ်များတွင် နေရာယူထားသည့် AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေလူထုအတွက် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ဆောင်ရွက်ပေးလျက်ရှိစဉ် မတ် ၁၈ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ယာဉ်တန်းအား AA အဖွဲ့က မြောက်ဦးမြို့အဝင်၌ မြို့နေ ပြည်သူလူထု၏ နေအိမ်များပေါ်မှ နေရာယူ၍ နာရီဝက်ခန့်ကြာသည်အထိ ပစ်ခတ်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အလားတူ AA အဖွဲ့သည် မြောက်ဦးမြို့နယ်၊ ထမ္မရစ်ရပ်ကွက်ရှိ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့ မှူးရုံးအား ရပ်ကွက်အတွင်းရှိ မြို့နေပြည်သူလူထု၏ နေအိမ်များတွင် အကာအကွယ်ယူ၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

AA အဖွဲ့သည် ဒေသခံရခိုင်တိုင်းရင်းသား အများစုနေထိုင်သည့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရှေးဟောင်း ပုထိုးစေတီများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ၍ ရည်ရွယ်ချက်ရှိရှိဖြင့် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

(သတင်းစဉ်)

 

mdn

 

mdn

 

mdn

 

mdn