ဂန့်ဂေါ ၅ မတ်
ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း အမှတ်စဉ် (၂/၂၀၁၉) ကို ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ ဘာသာရပ်အား ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ဖြူက လည်းကောင်း၊ ရုံးစာရေးသားနည်းဘာသာရပ်အား ခရိုင်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထိုက်က လည်းကောင်း ပို့ချဆွေးနွေးကြ၍ ဆည်မြောင်းဥပဒေ ဘာသာရပ်အား တည်ဆောက်ရေး (၈) မြစ်သာတမံမှလည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဥပဒေဘာသာရပ်အား ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုဦးစီးဌာနမှလည်းကောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာဘာသာရပ်အား ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှု ဦးစီးဌာနမှလည်းကောင်း တာဝန်ရှိသူများက အသီးသီးပို့ချ ဆွေးနွေးကြသည်။
သင်တန်းကာလမှာ မတ် ၄ ရက်မှ ၁၅ ရက်ထိဖြစ်ကြောင်းနှင့် သင်တန်းသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများ ၄၀ ဦးတို့ တက်ရောက်ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


