နေပြည်တော် ၊ မေ ၁၉ 

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရန်ရည်ရွယ်သည့် အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Programme - KSP) သောကြာနေ့ စကားဝိုင်း၏ အမှတ်စဉ် (၁၃) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဤအစီအစဉ်၏ ‌ဆွေးနွေးချက်များဖြစ်သော ဝန်ထမ်းများအကြား ထိတွေ့ဆက်နွယ်ပေးနိုင်ရေး၊ လုပ်ငန်းတွင်ကြုံတွေ့နေရသည့် အခက်အခဲများ ကို ဖြေရှင်းရေး၊ အသိပညာဖြန့်ဝေမှု တိုးတက်မြင့် မားလာစေရေး၊ တစ်ဦး၏ အသိပညာဗဟုသုတ များကို တစ်ဦးမှတစ်ဦး မြန်ဆန်စွာမျှဝေရရှိစေရေး၊  ဝန်ထမ်းများ၏ ဖန်တီးနိုင်စွမ်းနှင့် အသိပညာ တိုးတက်မှုကို လှုံဆော်အားပေးနိုင်ရေး၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သည့် ဆောင်ရွက်မှုနည်းလမ်းများကို သိမြင်ရရှိစေရေးတို့အပြင် အွန်လိုင်းစနစ်ဖြင့်ပါကျင်းပပေး နိုင်မှုကြောင့် ဝေးလံဒေသမှ ဝန်ထမ်းများပါ ပါဝင်နိုင်သည့် အခွင့်အရေး ရရှိစေသည့် အသိပညာ မျှဝေခြင်း အစီအစဉ်များ ပြုလုပ်ပေးနေခြင်း ဖြစ်ပါကြောင်း၊

 

အစီအစဉ်၏ အကျိုးရလဒ်အဖြစ် ယခုလို ထိတွေ့မှုများမှ လိုအပ်ချက်တွေကို ဖော်ထုတ်လာနိုင်၍ ထိရောက်ကောင်းမွန်သော နည်းလမ်းများရရှိခြင်းဖြင့် မိမိတို့ဝန်ကြီးဌာနအတွင်း အစဉ်လေ့လာ သင်ယူနေသည့် အသိုင်းအဝိုင်းတစ်ရပ် (Learning Environment Community) ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပေါင်းကူးတံတားသဖွယ် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အောက်တွင် တာဝန်ယူလုပ်ကိုင် ဆောင်ရွက်နေကြသော ဝန်ထမ်းများအနေဖြင့် ဦးစီးဌာန အချင်းချင်း လုပ်ငန်းတာဝန်များတွင် ဆက်နွှယ်မှုရှိသောလုပ်ငန်းများကို ပိုမိုထိရောက်စွာ ပူပေါင်း ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်က “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆက်စပ်မှုခေါင်းစဉ်ဖြင့် အသေးစိတ်ဆွေး နွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြ သည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း၊ အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်း အင်အား (၁၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)