ရပ်စောက် ၂၀ မတ်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း (ရပ်စောက်) ကျောင်းဆင်းလက်မှတ် ပေးအပ်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို မတ်လ ၁၉ ရက်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မူလတန်းကြိုကျောင်း(ရပ်စောက်)မှ ကျောင်းသားကျောင်းသူလေးများ အဖွင့်သီးချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ် ဒေါ်ကြွယ်ကြွယ်သိန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ပြီးနောက် ကျောင်းဆင်းလက်မှတ်များအား ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီ၏ လက်ဝယ်သို့ အခမ်းအနား တက်ရောက်လာသည့် ဧည့်သည်တော်များက ပေးအပ်ခဲ့ကြပြီး မူလတန်းကြိုကျောင်း(ရပ်စောက်) ကျောင်းသားကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ရပ်စောက်(ပြန်/ဆက်)


