ကန်ကြီးထောင့် ၇ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် ကလေးစာဖတ်ခန်းတို့၌ မတ်လ ၆ ရက်၊ မွန်းလွဲ ၁ နာရီက ဆေးရောင်ခြယ်နှင့် ပူစီဖောင်းဖောက် ပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကို မူလတန်းဆင့် ကျောင်းသား၊ကျောင်းသူလေးများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ပထမ၊ဒုတိယနှင့်တတိယဆု ရရှိသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
နွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်များတွင် ကလေးငယ်များ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများ ရရှိစေမည့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အကျင့်များ ရရှိလာစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးများ မြင့်မားလာစေရန်နှင့် ကလေးငယ်များ တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်မှုများ ရရှိလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးက ပြောသည်။
နန်းထိုက် (KGD)


