မြစ်ကြီးနား ၅ မေ 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မေ ၄ ရက် နံနက် ၉ နာရီက တာဝန်ရှိသူများ လိုက်ပါလျက် မြစ်ကြီးနားမြို့ပေါ်ရှိ လမ်းအဆင့်မြှင့်တင်မှု လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

20183

 

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့မရပ်ကွက်နှင့် အောင်နန်းရိပ်သာရပ်ကွက်ရှိ လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းနှင့် လမ်းလယ်ကျွန်း ပန်းအလှစိုက်ပျိုးရေးလုပ်ငန်းတို့အား လည်းကောင်း၊ ဧရာရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီးနှင့် မီးရထားလမ်းဆုံနေရာတွင် အများပြည်သူ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး ဆောင်ရွက်ကြရန်တို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့ပေါ်လမ်းမကြီးများ လမ်းအဆင့်မြှင်တင်ရေး၊ လမ်းလယ်ကျွန်း ပန်းအလှပင်များစိုက်ပျိုးခြင်း၊ လျှပ်စစ်မီးတိုင်နှင့် မြန်မာ့ဆက်သွယ်ရေး ဖုန်းကြိုးတိုင်များ ရွှေ့ပြောင်းစိုက်ထူခြင်းလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များနှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)