မြစ်သား  ၃  မေ 

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ ခွင့်ပြုလိုင်စင်ချထားမှုများနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးများကို တာဝန်ရှိသူများမှ မေ၂ရက်နေ့က  ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များ၏ ခွင့်ပြုလိုင်စင် ချထားပေးမှုများ၊ ခွင့်ပြုလိုင်စင်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှုများ၊ ဆိုင်အတွင်း သတ်မှတ် မီးသတ်ဆေးဘူးများ ပြည့်စုံစွာ ထားရှိမှုများ၊ ဆီသိုလှောင်ကန်များအား ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်ဝန်းကျင်တွင် လောင်စာများ ကင်းရှင်းစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရေးများကို ကွင်းဆင်းစစ်ဆေးကြကြောင်း မြို့နယ် (ပြန်/ဆက်)မှ  သိရသည်။ 

 

MDN

 

FB_IMG_1