မှော်ဘီ နိုဝင်ဘာ ၁၇

 

မှော်ဘီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကုမ္ပဏီများမှ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား တာဝန်ရှိသူများက နိုဝင်ဘာ ၁၄ ရက်က လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

 

အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(တည်ဆောက်ရေး)ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးဇော်မိုးဦး က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လုပ်ငန်းများအား အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီး နိုင်ရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)