၁၀ စက်တင်ဘာ

 

မြောက်ကိုရီးယားနိုင်ငံသည် ယနေ့ နံနက်ပိုင်းတွင် ဒုံးကျည် နှစ်ကြိမ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များက ပြောကြားခဲ့သည်။

 

တောင်ပိုင်းပြောင်ဂန်းပြည်နယ်မှ အရှေ့ဘက်ကို ဦးတည်ပြီး ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ မြောက်ကိုရီးယားတပ်မတော်မှ တာဝန်ရှိသူများက ပြောကြားသည်။ 

 

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်ဇူလိုင်လ ၂၅ရက်နောက်ပိုင်း ရှစ်ကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

 

တောင်ကိုရီးယားတပ်ဖွဲ့နှင့် အမေရိကန်ပြည်ထောင်စုတို့သည် သတင်းအချက်အလက်များ စုဆောင်းပြီး လေ့လာလျက်ရှိသည်။ 

 

စက်တင်ဘာလနှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုနှင့် ဘက်စုံပါဝင်သော ဆွေးနွေးမှုများ ပြုလုပ်ရန် မြောက်ကိုရီးယားနိုင်ငံက အသင့်ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်ဟွီးက တနင်္လာနေ့ညက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံသည် နောက်ဆုံး ဒုံးကျည်ပစ်လွှတ်ခြင်းသည် ၎င်း၏ ဒုံးကျည်စွမ်းရည်ကို ဖော်ထုတ်ပြသရန်နှင့် အမေရိကန်ပြည်ထောင်စုအပေါ် ဖိအားပေးရန်အတွက် မြောက်ကိုရီးယားနိုင်ငံ၏ ကြိုးစားအားထုတ်မှုအဖြစ် ရှုမြင်သည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်