ရန်ကုန ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်နေပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် Global Good Pure Group Co., LTD မှ ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက (ဋ) ရပ်ကွက်၊ (၈) လမ်းထိပ်၊ အိန္ဒြာစျေးလမ်း၌ စားအုန်းဆီများ လာရောက်ရောင်းချပေးခဲ့သည်။
လာရောက်ရောင်းချရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ နှုန်းဖြင့် စားအုန်းဆီ ပိဿာ ၂၀၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
လှလှထွေး


