မြောက်ဦး ၃၀    ဧပြီ


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်၊ (ဒိုင်းဂျီရပ်)တွင် ရေရှားပါးကာ သောက်သုံးရေ အခက်အခဲရှိသဖြင့် အဆိုပါရပ်ကွက်များရှိ ရေပြတ်လပ်ရာနေရာများသို့ မြောက်ဦးခရိုင်မီးသတ်တပ်ဖွဲ့ဝင်များမှ ဧပြီ ၂၇ ရက် နံနက် ၈ နာရီအချိန်က သွားရောက်ကာ သောက်သုံးရေ လှူဒါန်းခဲ့ကြောင်းသိရသည်။


ထို့နောက် အဆိုပါသောက်သုံးရေအခက်အခဲရှိ ရေပြတ်လပ်ရာ ရပ်ကွက်တွင်းသို့ မြောက်ဦး ခရိုင် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးရဲထက်စိုး ဦးဆောင်၍ ခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင် (၃) ဦး၊ မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်(၄)ဦး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလန် ၂၄၀ဝ  အား ရေရှားပါးပြီး သောက်သုံးရေ အခက်အခဲရှိ ပြည်သူများထံသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။


MDN