မြောက်ဦး ၂၃ မတ်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် ရွှေတောင်ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာကာ ခိုလှုံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မေလ ၂၂ ရက်နေ့၊ နေ့လယ် ၁ နာရီအချိန်က ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှုးဦးမောင်လှ ဦးစီးကာ ကြက်ခြေနီတပ်ဖွဲ့ဝင် (၂၀) ဦးတို့မှ တိုက်ပွဲရှောင်စခန်းများဖွင့်လှစ်ထားသော ရွှေတောင် ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပေးအပ်ခဲ့သည်။
ထို့နောက် ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ရွာဟောင်းတောကျေးရွာမှနေကာ ရွှေတောင်ဘုန်းတော်ကြီးကျောင်းတိုက်ပွဲရှောင်စခန်းသို့ ခိုလှုံရောက်ရှိလာသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၃၇)စုအား တာလပတ်(မိုးကာ)(၃၇)ခု နှင့် ဆေးခြင်ထောင်(၇၀)ခုတို့အား အိမ်ထောင်စု အလိုက်ပေးအပ်ခဲ့ပြီး တိုက်ပွဲရှောင်ပြည်သူများအားလည်း ကြက်ခြေနီအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောမှုများ ပြုလုပ်ပေးခဲ့ကြောင်း ခရိုင် ပြန်/ဆက်မှ သတင်းရရှိသည်။
MDN


