မြောက်ဦး ၃၀   ဧပြီ 


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်ရှိ ဘုရားပေါ်ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းနှင့် အောင်တပ်ရပ်၊ အောင်စေတီဘုရားသိမ် ကယ်ဆယ်ရေးစခန်းသို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ခိုလှုံရောက်ရှိလာကြသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဧပြီလ ၂၉ ရက် မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ခရိုင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်နှင့် ဝန်ထမ်းများက တိုက်ပွဲရှောင်ကာခိုလှုံရောက်ရှိနေသည့် တိုက်ပွဲရှောင်စခန်းရှိပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပစ္စည်းများအား သွားရောက်ပေးအပ်ခဲ့သည်။


ထို့နောက် ခရိုင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဘုရားပေါ်ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ ဝင်ရောက်ခိုလှုံ ရောက်ရှိလာသော အိမ်ထောင်စု(၈၃)စု၊လူဦးရေ(၁၈၉)ဦးနှင့် အောင်တပ်ရပ်၊အောင်စေတီဘုရားသိမ်ကယ် ဆယ်ရေးစခန်းသို့ ဝင်ရောက်ခိုလှုံရောက်ရှိလာသော အိမ်ထောင်စု (၇၀)၊လူဦးရေ (၂၇၂) ဦး၊ စုစုပေါင်း အိမ်ထောင်စု ၁၅၃)စု၊လူဦးရေ(၄၆၁)ဦးတို့အတွက်အိမ်ထောင်စုတစ်စုလျှင် ကျားလုံချည် ၊ မလုံချည်၊ တဘက်၊ တီရှပ် အသုံးအဆောင်ပစ္စည်းအမျိုးအစား ၄ မျိုးနှင့်တစ်လစာစားသုံးရန်အတွက် ဆန်ရိက္ခာ(၁၃၈) အိတ်၊(၇) ပြည်တို့အား ကယ်ဆယ်ရေးစခန်းတာဝန်ခံများထံသို့ ပေးအပ်ခဲ့ကြောင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။


MDN