မြောက်ဦး ၈ မေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၇ ရက်က မြောက်ဦးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ စိုက်ပျိုးငွေထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြောက်ဦးမြို့နယ်၊ ကျီရာပြင်အုပ်စုရှိ လူဦးရေ ၉၁ ဦးတို့အတွက် တစ်ဧကလျှင် ၁၅၀ဝ၀ဝ နှုန်းဖြင့် လယ်ဧက ၆၁၂ ဧကအတွက် ထုတ်ချေးငွေကျပ် ၉၁၈၀ဝ၀ဝ၀ သိန်းကို ထုတ်ချေးပေးလျှက်ရှိသည်။
မြောက်ဦးမြို့နယ်ရှိ ကျေးရွာ ၉၈ အုပ်စုအတွက် ယခုနှစ်တွင် စိုက်ပျိုးစရိတ် ထုတ်ချေးပေးရန် ငွေကျပ် ၉၈၅၃၂၀ဝ၀ဝ၀ သန်း လျာထားကြောင်း သိရသည်။
MDN


