မော်လိုက် ၁၅ မေ


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့်ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို မေ ၁၅ ရက် နံနက် ၉ နာရီက မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲသို့ မော်လိုက်မြို့အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း(၁၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဌေးဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပန်းချီပညာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး တာဝန်ရှိသူများမှ ပထမ၊ ဒုတိယ၊ တတိယဆုများအား ရွေးချယ်ခဲ့ကြကြောင်း သိရသည်။


မော်လိုက်သားလေး