မော်လမြိုင် ၂၄ မတ်
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် KMD တို့ပူးပေါင်း၍ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း (၄/၂၀၁၉)ဖွင့်ပွဲကို မတ် ၂၄ ရက် နံနက် ၈ နာရီက မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး KMD မှ တာဝန်ခံဆရာမ ဒေါ်တင့်တင့်လှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် Microsoft word၊ Excel နှင့် Internet ကို ဘေးကင်းလုံခြုံစွာ သုံးစွဲနည်း ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၄ ရက်မှ ဧပြီ ၆ ရက်အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် တစ်နေ့လျှင် (၃)နာရီ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရှိရသည်။
MDN


