မောင်တော   ၈ မေ

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ သောက်သုံးရေရှားပါးသော ငွေတောင်ကျေးရွာနှင့် သာယာကုန်းကျေးရွာသို့ မေ ၇ ရက်တွင် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းမြင့်ထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက သောက်ရေသန့်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းရာတွင် ငွေတောင်ကျေးရွာနှင့် သာယာကုန်းကျေးရွာတို့အတွက် သောက်ရေသန့်ဗူးကြီး (၁၅၀)ကို သွားရောက်လှူဒါန်းခဲ့ရာ ဒေသခံ ဦးထွန်းအေးသိန်းမှ ယခုလို သောက်ရေများ လာရောက်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ 

 


သက်လွင်စိုး(ပြန်/ဆက်)