ပုသိမ်  ၅ မေ

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေဆီလွှာနှင့် မြေဩဇာမျိုးစေ့သီးနှံ ကာကွယ်ရေးဓာတ်ခွဲခန်းများ ဖွင့်လှစ်ပွဲကို အမှတ် ၁၄ နယ်မြေ မြက်တိုရပ်၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆယ်မားအူးလ်အွန်ဒုံ(SMU) အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဉီးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားကာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်က ဓာတ်ခွဲခန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။ 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်မှ ဓာတ်ခွဲခန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။
ထို့နောက် မြေဆီလွှာနှင့် မြေဩဇာမျိုးစေ့သီးနှံ ကာကွယ်ရေးဓာတ်ခွဲခန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကာ ဓာတ်ခွဲခန်းအတွင်း ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

ပုသိမ်ခရိုင်(ပြန်/ဆက်)