ကန်ကြီးထောင့်  ၂၆ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာတွင် ဧပြီ ၂၄ ရက်နေ့ကဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေး ပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်ပိုင်းတွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါကျေးရွာမှ မီးဘေးသင့်ခဲ့သော အိမ်ထောင်စု တစ်စု လူဦးရေ ၇ ဦးအတွက် ဆန်ရိက္ခာ ခုနှစ်ရက်စာ ငွေကျပ် ၁၄၇၀ဝ၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် တစ်သိန်း စုစုပေါင်းရန်ပုံငွေ ကျပ် ၁၁၄၇၀ဝ နှင့် Family Kit ၁ ပုံးတို့ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က မီးဘေးသင့် အိမ်ထောင်စု၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

နန်းထိုက် (KGD)

 

2.01