မဟာအောင်မြေ နိုဝင်ဘာ ၁၇

 

မဟာအောင်မြေမြို့နယ် မဟာအောင်မြေအနောက်ရပ်ကွက်ရှိ မန်းမြို့ဈေးအတွင်း မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးအကြံပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၁၇ ရက်က ဆောင်ရွက်သည်။

 

ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး ​ဦးမင်းမင်းစိုး၊ သန္ဓေ/ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စျေးအမှုဆောင်များ၊ မြို့နယ်စျေးကော်မတီအဖွဲ့ဝင်များ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စျေးမီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)