၄ မေ
ရှေးယခင် ဘိုးဘွားများက ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားရေးအထိမ်းအမှတ်အဖြစ် ခြောက်သွေ့ခြင်း ရှိသောလကို စိမ်းလမ်းစိုပြေစေရန် စိုက်ပျိုးခဲ့ကြသော မြန်မာ့တို့၏ မဟာဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် သတ်မှတ်ကာ ညောင်ရေသွန်းခြင်း စည်းကာသိုက်မြိုက်စွာ စုပေါင်းရေလောင်းခြင်း ဓလေ့ထုံးတမ်းကို ပြုလုပ်ကြလျက်ရှိသည်။
ကသာမြို့ မဟာလေးထပ်ကျောင်း၌ ကဆုန်လပြည့်နေ့တွင် နှစ်ပေါင်း(၁၃၃)နှစ် ရှိလာသော စာပေလင်္ကာအကျော်မန်လည်ဆရာတော်ဘုရားကြီး ကောဇာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် ဗုဒ္ဓဂါယမှ ပင့်ဆောင်စိုက်ပျိုးထားရှိသော ဗောဓိညောင်ပင်အား ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ပြည်သူ/ပြည်သားများ စုပေါင်း ညောင်းရေသွန်းလောင်းခြင်း စည်းကားသိုက်မြိုက်လှစွာ မြင်တွေ့ရလျက်ရှိသည်။
ထိုအပြင် မြို့နယ်သံဃာနာယကဆရာတော်များ ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခြင်း ၊စတုဒီတာ အဟာရဒါန မုန့်ဟင်းခါးကျွေးမွေးခြင်း ၊ ဖျော်ရည်တိုက်ကျွေးခြင်း ၊ ကလေးကစားစရာ အရုပ်မျိုးစုံရောင်းသူများ ၊ ကျန်းမာရေးဌာနမှ ကျန်းမာစောင့်ရှောက်ပေးခြင်း ကား ၊ ဆိုင်ကယ် များ စနစ်တကျထားရှိနိုင်ရေး စောင့်ရှောက်ပေးသူများ ၊ ရေလောင်းလှူနိုင်ရေး မီးသတ်တပ်ဖွဲ့မှ ရေအကူပံ့ပိုးပေးခြင်း တို့ကြောင့် လူထုပရိတ်သတ် ကြက်ပျံမကျ စည်းကားလျက်ရှိကြောင်း တွေ့ရသည်။
ကသာမြို့တွင် ဘုန်းကြီးကျောင်း (၁၉)ကျောင်း၌ ညောင်ရေသွန်းလောင်းခြင်းရှိရာ စေနာရှင်အလှူရှင်များက အဟာရဖျော်ရှည် ၊ မကျည်းဖျော်ရည် ၊ ရေခဲမုန့်များ တိုက်ကျွေး ကုသိုလ်ယူကြသူများလဲ များပြားလျက်ရှိကြောင်း သိရသည်။
ငွေအိုးကသာ


