နေပြည်တော် ၂၁ မတ်

 

ယခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများဖြင့် ယခင်နှစ်နည်းတူ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
    

အဆိုပါ ယိမ်းပြိုင်ပွဲများကို (၁၂)ဦး ယိမ်းတွင် မူကြိုကျောင်းများ၊ ကျောင်းများနှင့် ရုံး/အခြားဌာနများ၊ (၁၆)ဦးယိမ်းတွင် ကျောင်းများနှင့် ရုံး/ အခြားဌာနများ၊ (၂၀)ဦး ယိမ်းတွင် အလွတ်တန်း၊ (၁၂)ဦးယိမ်းတွင် အမျိုးသားအလွတ်တန်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဟူ၍ သီးခြားကျင်းပပေးမည်ဖြစ်သည်။
    

ထို့ကြောင့် ပြိုင်ပွဲဝင်မည့်အသင်းများသည် မတ် ၃၁ ရက်အထိ ရုံးချိန်အတွင်း ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်း၊ ၁၂ ထပ်ခွဲရုံး၊ (၁၀)လွှာရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်း တာဝန်ခံအဖွဲ့၊ စစ်ဆေးရေးဌာနတွင် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
    

သို့ဖြစ်၍ အသေးစိတ်သိရှိလိုသော အချက်အလက်များကို အဆိုပါရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဆက်သွယ်လိုပါက အတွင်းရေးမှူး၊ အကဲဖြတ်လုပ်ငန်းကော်မတီ၊ ဖုန်း-ဝ၉-၅၁၂၆၆၆၅၊ တွဲဖက်အတွင်းရေးမှူး၊ အကဲဖြတ်လုပ်ငန်းကော်မတီ၊ ဖုန်း-ဝ၉-၅၄၀ဝ၉၉၂ နှင့် အကဲဖြတ်လုပ်ငန်းကော်မတီရုံးအဖွဲ့၊ ဝ၉-၈၉၉၉၈၆၄၅၁၊ ဝ၉-၂၆၂၅၅၈၁၄၂ တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

မောင်လူမော်