နတ်တလင်း ၂၇ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် ဧပြီ ၂၅ ရက် ည ၈ နာရီက ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့သော မိသားစုအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ထောက်ပံ့ရေးပစ္စည်းပေးအပ်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်၍ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာက မီးလောင်ဆုံးရှုံးသွားသော သွပ်မိုးထရံကာသုံးပင် အိမ်တစ်လုံးအတွက် ထောက်ပံ့ငွေကျပ် ၁၀ဝ၀ဝ၀၊ တစ်ဦးလျှင် ၇ ရက်စာ ဆန်ဖိုး ၂၁၀ဝ ကျပ်နှုန်းဖြင့် မိသားစုလေးဦးအတွက် ဆန်ဖိုးငွေ ၈၄၀ဝ ကျပ်နှင့် လူသုံးပစ္စည်း ၁၉ မျိုးပါ ပုံးတစ်ပုံးတို့ကို ကညင်ကံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းလှဇော်နှင့် မီးဘေးသင့်ပြည်သူ ဦးလှမင်းတိုးတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)